RSS

Photo Pos Pro 1.81

ကျွန်တော် ဒီပိုစ့်လေးကို ရေးချင်တာကြာပါပြီ လူနည်းနည်းလေး ပျင်းနေလို့ပါ။။ကျွန်တော် လက်ရှိအသုံးပြုနေတဲ့ ပုံလေးတွေ design လေးတွေပြောင်းလို့ရတဲ့ ဆော့ဝဲလေးတစ်ခုပါ ။သူကလည်း photoshop နဲ့ တော်တော်လေး ဆင်ပါတယ်..အသုံးပြုရတာလည်း အလွန်လွယ် ကူပါတယ်…ဒါကြောင့် ပုံတွေ ဒီဇိုင်းအမျိုးမျိုးနဲ့ ဖြတ်ညှပ်ကပ် လုပ်ဖို့ဝါသနာပါသူတွေအတွက် သင့်တော်မယ်ထင်လို့ တင်ပေးလိုက်တာပါ…ဆော့ဝဲအသုံးပြုပုံကတော့ သူ့အထဲမှာပဲပါပါတယ် …..

1.ဒါကတော့ ဆော့ဝဲဒေါင်းမယ့် ifile လင့်ပါ

http://ifile.it/edtyah6

2.ဒါကတော့ mediafire လင့်ပါ

http://www.mediafire.com/?9fq7pog4ebwdf6n

 
Leave a comment

Posted by on July 14, 2011 in Uncategorized

 

တပတ်အတွင်း ဖတ်မိသော ရသ စာစုများ.နှင့်ပိုစ့်များ…

အင်း စာတွေနေ့တိုင်းလိုက်ဖတ်ဖြစ်တယ် နည်းပညာကြည့်ပဲ့ဆိုတောလည်း လူက ညည်းငွေတယ့်။ အဲ့တော့ စာတွေ လိုက်ဖတ်လိုက် ကောင်းနိုးရာရာ စကားလုံးလေးတွေ စုလိုက်နဲ့ပေါ့ ။ ဦးနှောက်ထဲ့ကို ထည့်လိုက် မှတ်လိုက်နဲ့တော်တော်ကို ပြည့်နေပီ ။ အဲ့လို ပြည့်လာအောင်လည်း စာဖတ်ခြင်းက ပေးစွမ်းတယ် ထင်တာပါပဲ့ ။ အတွေးအခေါ်လေးတွေ နဲ့ အသိပေးချက်လေးတွေ သတိမူရမဲ့ အကြောင်းလေးတွေကို ဦးနှောက်ထဲ့ကို ဘာမှ သိပ်သည်းထဲ့စရာ မလိုပဲ့နဲ့ လွယ်လွယ်ကူကူလေး မှတ်မိနိင်အောင် အကျိုးအကြောင်းလေးတွေနဲ့ ဖော်ပြထားတဲ့ နေရာလေးကိုလည်း စာဖတ်သူတွေကို ဖတ်မိရာတွေထဲ့က ကောင်းတဲ့ ပိုစ်လင့်လေးတွေကို ပြန်ညွှန်းပေးသွားချင်တယ်။ လူတယောက်မှာ သွားသတိ စားသတိ နေသတိ ဆိုတာ ရှိသင့်တယ် ဆိုတာကိုလည်း အဓိပါယ်ကောင်းလေးတွေနဲ့ ဖော်ပြထားသလို သတိသတိ ဆိုတာထက် စိုးရိမ်စိတ်တွေကြောင့် တင်းကျပ်ထားတဲ့ သတိတွေကနေ ဘေးဖြစ်တက်တယ်ဆိုတာကိုလည်း အသိပေးလေးတခုအနေနဲ့ဖော်ပြထား တဲ့ ပိုစ်လေး နာမည်က သတိ ဆိုသော အရာ တဲ့ .မူရင်းရေးသားသူ ကိုဇော်ပါ။

ဒုတိယ အညွှန်းပိုစ်အနေနဲ့ကတော့ နိုင်းနိုင်းစနေရဲ့ လောကမှာ အမြင့်မြတ်ဆုံးမေတ္တာ ဆိုတဲ့ ပိုစ့်လေးပါပဲ့ ။ Read the rest of this entry »

 

Dictionary များ စုစည်းမူ ၂

ကျွန်တော် အပိုင်း ၁ ကို ဒီနေရာမှာ တင်ပေးထားပါတယ် ခုကတော့ အပိုင်း ၂ ပေါ့။  အသစ်တွေ့ ရင်လည်း မနေနိင်ဘူး။ စမ်းကြည့်မိတယ်။ ခုလည်း Dictionary လေး တွေ ထပ်တွေ့လို့ ပေးချင်တာနဲ့ ကျွန်တော် ဒီခေါင်းစဉ်အောက်မှာ ဆက်ပီး ရေးပါ့မယ်။ အခုကျွန်တော် အကြိုက်ဆုံး Dictionary လို့ ပြောလို့ ရတဲ့ Dictionay နှစ်ခုကို မိတ်ဆက်ပေးပါ့မယ်။

10။ WHIZZO (Eng>>Myanmar) 

ဒီ Dictionary ကို C# Programming ကျောင်းသူကျောင်းသား သင်တန်းသားတွေ စုပေါင်းပီး ရေးသားထားတာလို့ Dictionary မှာရေးထားတာတွေတယ်။ အရင်းအမြစ်ကိုတော့ သေချာ မသိဘူး။ ဒါပေ့မယ် သူကို့ သုံးရတာ အရမ်းကောင်းတယ် ။ သူမှာဒေါင်းလုပ်ချလို့ ပါတဲ့ exe ဖိုင်ကိုရမ်းပေးလိုက်ရင် ရပီ တော်တော်လေး ပြည့်စုံပါတယ်။ Babylon တို့လို့ ဆော့ဝဲလေးတွေလို Crack တာတို့ Serial တို့ မလိုဘူး။သူ့ကို ရမ်းပီးတာနဲ့ တန်းသုံးယုံပဲ့ .။သူကို ဒီဆိုဒ်ကနေ တွေ့ခဲ့တာပါ။ သုံးရတာလေး တော်တော်လေးကောင်းသလို စာလုံးတော်တော်များများပါတာကို တွေ့ရတယ်။ ဒီကောင်လေးကို ကြိုက်တယ်ဆိုရင် အောက်ကလင့်လေးမှာ သွားပီး ဒေါင်းနိင်တယ်။
 
1 Comment

Posted by on July 4, 2011 in Dictionary, Dictionarys

 

Laptop CD ,DVD repair @ ဖြုတ်ခြင်းတပ်ခြင်း…

ကဲ့ ကျွန်တော်တို့ ဒီနေ့ သင်ခန်းစာ အသစ်တက်ကြရအောင်.. Laptop ရဲ့ အစိတ်အပိုင်းတခုဖြစ်တဲ့ CD,DVD Drive ကို ဖြုတ်တာ တက်တဲ့ သင်ခန်းစာ ဖြစ်ပါတယ်။ တကယ်တော့ သိသွားရင် လွယ်ပေ့မယ် မသိတဲ့သူတွေတွက်ကတော့ တကယ်ကို မလွယ်ကူနိင်တဲ့သင်ခန်းစာတခုလို့ ဆိုရပါလိမ့်မယ်။ဒီTutorials မှာတော့ ဘာတွေ သင်ပေးထားလည်းဆိုရင် Laptop အမျိုးအစားတော်တော်များများရဲ့ CD.DVD Drive ကို ဖြုတ်တာ တက်တာကိုပေါ့။တချို့ စက်တွေက screw တလုံးတည်း ဖြုတ်လိုက်ယုံနဲ့ CD.DVD Drive ကို ဖြုတ်လို့ ရပေ့မယ့်  Sony လို အမျိုးအစားမျိုးမှာတော့ ဘယ်လို ဖြုတ်ရလဲ့ဆိုတာကို ဒီ Tutorial မှာဖော်ပြထားပါတယ်။ တချို့ Laptop အမျိုးအစားတွေမှာလည်း Keyboard ကိုပါ ဖြုတ်ပီးမှ Keyboard အောက်က Screw နှစ်လုံးကို ဖြုတ် .. နောက်မှ CD.DVD Drive ကို repair လုပ်လို့ ရသလို အသစ်လဲ့တာ မကောင်းတဲ့ Drive ကို ပြင်တာတို့ကို  ဆက်လက်လေ့လာနိင်ပါတယ်။

အသစ်လဲ့လှယ်တော့မယ်ဆိုရင်လည်း Model နံပါတ်ကို ဘယ်ကနေကြည့်ရတယ်. ဆိုတာကိုဖော်ပြထားသလို CD.DVD Drive ကို မပြုပြင်ခင် ဘာတွေ လုပ်ဆောင်ရမလဲ့ ပြောပြထားပါသေးတယ်။ Read the rest of this entry »

 
Leave a comment

Posted by on July 4, 2011 in Laptop repairs

 

Battery and DC jack

ကျွန်တော် ဒီဆိုဒ်လေးမှာ Laptop ပိုင်းကို အသားပေးပီးရေးမှာ ဖြစ်သလို Laptop တွေ ခုနောက်ပိုင်း အရမ်းကို ခေတ်စားလာတာကိုလည်း သတိထားမိကြလိမ့်မယ်ထင်တယ်။ ကျွန်တော့ အနေနဲ့ Tutorial Video တွေကို အပိုင်းလိုက်တင်ပေးသွားမှာ ဖြစ်သလို Tutorial တခုချင်းဆီက ဘာကို ရှင်းပြထားတယ်ဆိုတာကို ကျွန်တော် နားလည်သလောက် အညွှန်းတွေနဲ့ ပြန်လည်ဖော်ပြသွားမှာ ဖြစ်ပါတယ်။ဒီနေ့ အတွက် ကျွန်တော်တင်ပေးမဲ့ Tutorial လေးကတော့ Battery မကောင်းတော့တဲ့ အချိန်ရယ်. Adapter မကောင်းရင် မိမိစက်နဲ့ ကိုက်ညီတဲ့ Adapter အသစ်ကို ဘယ်လို ၀ယ်ယူရမယ်ဆိုတာတွေကို ရှင်းပြထားသလို ဒီ Tutorial ကိုကြည့်ပီ ကျွန်တော်တို့ DC Jack မကောင်းတော့တာလား ဒါမှမဟုတ် Adapter လား Battery မကောင်းတော့တာလားဆိုတာကို ခွဲခြားနိင်ပါလိမ့်မယ်။

ဒါကို ကျွန်တော် အကြမ်းဖျင်း ရှင်းပြပေးသွားမှာ ဖြစ်သလို Tutorial ဖိုင်ကိုလည်း အောက်ဆုံးမှာ တင်ပေးသွားမှာ ဖြစ်ပါတယ်။ အရင်ဆုံး ကျွန်တော်တို့ Battery ကောင်းတယ် မကောင်းဘူးဆိုတာကို ဘယ်လို စစ်ကြည့်ကြမလဲ?  အင်း မခက်ပါဘူး။ လွယ်လွယ်ကူကူပဲ့ ပြောကြတာပေါ့ အရင်ဆုံး Control panel ထဲ့က Power Option က Battery tab သွားပီး Power Meter မှာ  Charging အလုပ်လုပ်သေးလား မလုပ်လား ကြည့်ပီးဆုံးဖြတ်လို့ ရပါတယ်။ အလုပ်လုပ်နေသေးတယ် Battery ကောင်းနေသေးတယ်ဆိုရင် AC Power ရဲ့ အောက်မှာ အားသွင်းထားတဲ့ အား Battery သုံးနိင်တဲ့ % ကို ပြထားပါလိမ့်မယ်။ ဒါဆိုရင် Battery ကောင်းမကောင်း စစ်ဆေးတက်ပီပေါ့။

Battery မှာ Charging ပြပေ့မယ်လဲ့ တခါတလေ Adapter က မကောင်းဘဲ့ Power Charging မ၀င်ပဲ့ ရှိနေတက်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ထပ်ပီး စစ်ရမှာက AC Adapter ကိုပါပဲ။ သူ့ကိုဘယ်လိုစစ်ဆေးကြမလဲ? Battery ကိုဖြုတ်ပီး AC adapter ကနေ Laptop မှာ တိုက်ရိုက်အားသွင်းပီးတော့ Power ON ကြည့်လိုက်ရင် ကောင်းမကောင်းသိပါပီ။ မကောင်းတော့ဘူးဆိုရင် ဘယ်လိုတူညီတဲ့ Adapter ကို ရွေးချယ်ရမယ်ဆိုတာကို အသေးစိတ် Tutorial ဖိုင်မှာ ရှင်းပြထားပါတယ်။ ဒီနေရာလေးမှာပဲ့ ဖြည့်စွက်ပြောချင်တာလေးကတော့ ကွန်ပျုတာတလုံး စတင်လည်ပတ်ဖို့ အတွက် လိုအပ်တဲ့ Volt နဲ့ Amps ကတော့ 18.5 v @ 3.5 A ပါ။ ဒါပေ့မယ် Adapter တာတွေမှာ ဒီထက် မြင့်တဲ့  Power Volt နဲ့ Amps တွေကို သုံးထားတာကို Video file ထဲ့မှာ ရှင်းပြထားပါတယ်။နားမလည်ရင် တခါနားထောင်ပါ။ တခါ သေချာကြည့်ပေးပါ။ ထပ်နားမလည်ရင် ထပ်နားထောင်ပီး ထပ်ကြည့်ပါ။ နောက်ထပ်နားမလည်သေးရင် နားလည်တဲ့ အထိ ကြည့်ပါ ရှင်းပြတာကိုနားထောင်ပါ. လို့ အကြံပြုလိုပါတယ်..ဒါဆိုရင် Adapter မကောင်းတာလား ကောင်းတယ်လားဆိုတာကို ခွဲတက်ပီဆိုရင် ကျွန်တော်တို့ နောက်တဆင့် ထပ်တက်ကြပါဦးစို့.

Read the rest of this entry »

 
Leave a comment

Posted by on July 3, 2011 in Hardware, Laptop repairs

 

window xp SP3

WINDOW XP SP3

ကျွန်တော် ဒီနေ့ တွက်တော့ window XP  march 2011 ထွက်လေး OS တခုကို တင်ပေးချင်ပါတယ်။ နောက်ပိုင်း XP ကို မသုံးကြတော့ဘူးဆိုပေ့မယ့်လည်း  Window 7 ကို အသုံးပြုဖို့ System Requirement လိုအပ်တဲ့သူတွေကတော့ XP ကို လက်လွှတ်လို့ မရသေးပါဘူး။ လက်လွှတ်လို့ မရတဲ့ အခြေနေတွေနဲ့ပဲ့ 7 ကို သုံးဖို့ အားသာချက် မရခဲ့ဘူး။ ခု Window 8 ကို  7 လပိုင်းထဲ့မှာ ထွက်ပါတော့မယ်။ ဒီတော့ ကျွန်တော်တို့ အနေနဲ့ စက်ကိုပဲ့ Upgrade လုပ်မလား စက်အဟောင်းကိုပဲ့ ချောင်ထိုးပီး အသစ် သုံးရမလားဆိုတာကို စဉ်းစားရတော့မလို ဖြစ်နေပီ။ ဘာတွေပဲပေါ်လာပေါ်လာ XP ကိုတော့ Office တွေနဲ့ ကျောင်းတွေမှာ သုံးနေမြဲ့ သုံးနေဆဲပါပဲ။ XP ကို တင်သုံးပီဆိုရင် စိတ်ညစ်ရတာလေးတော့ ရှိတယ် ။ Driver ခွေပျောက်တဲ့ ပြသနာပေါ့။ Drive ခွေပျောက်သွားတာ ပျက်သွားတာ ဆိုရင် အတော် စိတ်ညစ်ရတယ် မသိတဲ့ သူတွေတွက်တော့ ဒါက ပင်လယ်ခေါင်မှာ ရေငုတ်ပီး.  ထင်းရှာနေသလိုမျိုး ခက်တယ်။ ဒီအတွက်လည်း ကျွန်တော် Driver မရှာပဲ့ တခွေတည်းမှာပဲ့ ဘာဝင်းဒိုးကို တင်လိုက် တင်လိုက် Driver တွေ အကုန်ပါတဲ့ Software တခုကို မိတ်ဆက်သွားပါဦးမယ်။

ခု ဒီပိုစ့်လေးမှာတော့ XP ကို တင်ပေးမှာ ဖြစ်တဲ့ အတွက် လင့်တွေပေးပါမယ်။ အတက်နိင်ဆုံးမြန်မာနိင်ငံက လူတွေ အဆင်ပြေအောင် လင့်တွေ အများကြီး မဟုတ်တောင် 3  လင့် 4 လင့်ကနေ ခွဲတင်ပေးထားပါတယ်။  အားလုံးဒေါင်းရပါမယ်။ ၇ ဖိုင်ရှိပါတယ်။ အဲ့ ၇ ဖိုင်လုံးကို ဖိုရာတခုတည်းကို ထည့်ပီး Right click ထောက်ပီး Extract ပေးရင် ISO ဖိုင် တဖိုင်ရပါလိမ့်မယ်။  ISO  ကို ခွေရိုက်ပီး  Window တင်ရုံပါပဲ့ Key မလိုပါဘူး။ လိုတယ်ဆိုရင် အောက်မှာ ဒေါင်းယူနိင်ပါတယ်။

Read the rest of this entry »

 
Leave a comment

Posted by on July 2, 2011 in Operating System, Window XP

 

Beauty VLC skins Change

ကျွန်တော်က VLC Player ကို Favourite player ဆိုတော့ သူ့အကြောင်းကို ထည့်မရေးရရင် စားမ၀င်အိပ်ပျော်မှာ မဟုတ်ဘူး။ အဲ့တော့ အသစ်အဆန်းလေးလည်း ရှာဖြစ်တယ်။ ဒီလိုပဲ့ စတိုင်လေးတွေလည်းပြောင်းကြည့်ချင်တယ် ရိုးရိုး Default Skin တိုင်းကျတော့ သိပ်မကောင်းဘူးလေ တခါတလေ လူဆိုတာ အသစ်အဆန်းလေးတော့ ဖြစ်ချင်တာပဲ့ ဒီလို အသစ်အဆန်းလေးတွေ ဖြစ်ဖို့ ကျွန်တော်တို့ Skin လေးပြောင်းပီး သုံးကြည့်ကြရအောင်။

အရင်ဆုံး ကျွန်တော်တို့ VLC player ကိုဒေါင်းပီးရမ်းလိုက်ဖို့ အတွက် ဒီနေရာကို သွားပါ။

ကျွန်တော်တို့ ရမ်းပီးရင်တော့ ရိုးရိုး Default စတိုင် အတိုင်းပဲ့ ရလာမှာ ။ သူရဲ့ VLC Location ထဲ့မှာ သွားကြည့်လိုက်ရင်လည်း Skin 1 ခုပဲ့တွေ့လိမ့်မယ်။ သူ Location က ဒီနေရာမှာ…

 
Leave a comment

Posted by on July 2, 2011 in Desktop Fun

 

proxy Softwares

ကျွန်တော် မြန်မာပြည်ပြန်ရင် သုံးဖို့ ဆိုပီး Proxy ကျော်ဖို့တွေ စုထားတဲ့ ဆော့ဝဲ့တွေ နည်းလမ်းတွေ ရှိတယ်။ အဲ့ကောင်လေး
တွေနဲ့ စမ်းကြည့်ဖို့တိုက်တွန်းလို့ပါတယ်။ ဒေါင်းပီးတော့ စမ်းကြည့်ပေါ့ အထဲ့မှာ  freeU19 freeU20 အပြင်

Code:
aviproxy . 
Portable CCProxy v6.4.0 FULL 
Set up Your Own Proxy Using Google App Engine
 freedom_small_20110510-01
 freedom-20110510-01 
HSS-1.57-install-anchorfree-238-conduit2
 Read the rest of this entry »
 
Leave a comment

Posted by on July 2, 2011 in Proxy, Software

 

XP>> window 7 ပြဿနာ

Quote:
Originally Posted by တောဂေါ်လီ View Post

မူလ XP ပြန်ပေါ်ပါပြီ။ ဒါပေမယ့်ဗျာ ၀င်း 7 ကို တင်တုန်းက Disk Space 40 G မှာပဲ တင်မိတယ်ဗျာ။ ၀င်းဒိုးတင်လို့ရပေမယ့် နောက်ထပ်ဆော့ဖ်ဝဲတွေ ထပ်ထည့်လို့မရနိုင်တော့ဘူး။ Win 7 က C မှာ / XP က D မှာ/ ကျန်တဲ့ အခန်း 1ခု 190 G လွတ်သေးတယ်ဗျ။ မသိလို့မေးပါရစေ။

  1. Win 7 တင်ထားတဲ့ C မှာ ၀င်းဒိုးမဖြုတ်ပဲ နောက်ထပ် နေရာလွတ်ရအောင် လုပ်လို့ရနိုင်ပါသလား။
အင်း ဖြေရမှာတော့ ကျက်သားဗျာ.. ကျွန်တော် ကြိုးစားပီးတော့တော့ ဖြေကြည့်ပေးကြည့်မယ်နော်။ တကယ်တော့ ခက်နေတာက 7 က C မှာ ဖြစ်နေပီးတော့ XP က D မှာ ဒါဆို E မှာ 190 Gb လွတ်နေတာပေါ့။ အဲ့ကနေ C ကို Gb 10 လောက် လာပီး ထပ်ဖြည့်ထည့်ချင်တယ်ဆိုတဲ့ သဘောပေါ့ ။ အဲ့လို ဆိုတော့ လွတ်နေတဲ့ Partion နဲ့ Window 7 တင်ထားတဲ့ Partition က တခုကျော် ဖြစ်နေတော့ အဖြေက ခက်နေတာပဲ့ ။ တကယ်တော့ Extend Volume လုပ်ဖို့က Partition တခုကျော်ကို လှမ်းလုပ်ရမလို ဖြစ်နေတာပါါ့။ ဥပမာ XP က D မှာဆိုရင် သူ့ကို ကျွန်တော်တို့ ထပ်ပီး Partition Gb ထပ်တိုးလို့ ရပါတယ်။ ဘာလို့လည်းဆိုတော့ နောက်မှာ ပိုနေတဲ့ 190 Gb လောက်က ကပ်ရပ် Partition မှာ ဖြစ်နေလို့ပါ။
ဒါကြောင့် နောက်တနည်းကို ကျွန်တော်တို့ ထပ်စဉ်းစားရတော့မှာပဲ့။
Quote:

၂. ပထမပိုစ့်မှာ ရေးထားတဲ့အတိုင်း ဘယ်ဝင်းဒိုးကို ရွေးမလဲမေးတဲ့နေရာမှာ အပေါ်ဆုံးက XP / အလယ်က လက်ရှိကျွန်တော်ဝင်နေတဲ့ Win 7 / အောက်ဆုံးမှာ ၀င်လို့မရတဲ့ Win 7 တစ်ခု ရှိနေပါတယ် ( ဒါကို ကျွန်တော် မတင်ခဲ့ပါဘူး။ အဲ အဲ Win 7ခွေမထုတ်မိပဲ ရီစတက်ကျလို့ တစ်ခါ ပြန်တက်တာတော့ ရှိတယ်။ ဒါပေမယ့် ဘယ်ထဲကို ၀င်းဒိုးတင်မလဲဆိုတာ မရွေးမိဘူး။ သိသိချင်း ခွေထုတ်လိုက်ပါတယ်။ ) အဲတာကို ဘယ်လို ဖြုတ်ရမလဲ ပြောပေးပါဗျ

 
 

Youtube Video editor

ကျွန်တော်လည်း ဘာဘူကြီးနဲ့ လျှာ အထူကြီးလုပ်ပီးတော့ နေခဲ့တာကြာပါပီ ကြာပီးတော့လည်း ပို့စ်က မတက်နိင်ဘူး သိချင်တာလေး တခုကို လိုက်လုပ်လိုက် နောက်ထပ် သိချင်လာလိုက်နဲ့ပဲ့ ဘာဘူကြီးနဲ့ ကုလားကြီး ပေါင်းနေတာနဲ့ နောက်ဆုံး ဒီစာရေးဖို့ ကို အားပြန်ယူနေတာနဲ့ ပဲ့ ကုလားမကြီးနဲ့ ညားတော့မလို ဖြစ်နေပီ..
ကဲ့ ထားပါတော့ မရောင်ရာဆီလူးနေတာနဲံ ပဲ့ မရောက်တော့ဘူး ရှေ့ကို ကျွန်တော် ဒီနေ့ တင်ပြဆွေးနွေးမယ် အကြောင်းအရာလေးကတော့ ဖြည့်ဆွက် ချက်တခုလိုပါပဲ့ အပေါ်မှာ ကိုကေဇတ်ပြောသွားတာ အကုန်လုံးနီးပါ ပြီးပြည့်စုံနေသလောက် ဖြစ်နေပါပီ ဒါပေ့မယ်။ Youtube Video editor အကြောင်းလေး မပါလို့ ကျွန်တော် ထပ်ထည့်ဆွေးနွေးသွားချင်ပါတယ် ကျွန်တော် တော်ယုံလည်း ဒီ editor ကို သုံးတာမတွေ့ ကြရသေးပါဘူး ဒါပေ့မယ် ကျွန်တော့်  အနေနဲ့ သုံးပုံလေး နဲ့နဲ့ကိုထောက်ပြပြောပြကြည့်ပါမယ် အကိုအစ်မများ ……ပြီးပြည့်စုံလောက်အောင်တော့ မပြင်ဆင်ရသေးပေ့မယ် အကိုအစ်မများသိဖို့ လောက်ကိုပဲ့ အဓိကထား ရေးပေးခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီလင့်လေးကနေပီးတော့  ကျွန်တော်တို့ Youtube ကို ၀င်လိုက်ပါ Gmail အကောင့် ရှိရင်ကို log in ၀င်လို့ ရပါတယ် ပထမဆုံး မိမိ ဖြတ်ညှပ် ကပ်လုပ်ချင်တဲ့ ဖိုင် တွေ ကို အရင်ဆုံး youtube မှာ uploadတင်ထားလိုက်ပါမယ်။. ကျွန်တော် ဥပမာ လုပ်ပြထားတာလေးကိုကြည့်လိုက်ပါ ပထမဆုံး ကျွန်တော် ဖြတ်ချင် ပြန်ဆက်ချင်တဲ့ video ဖိုင် ၂ ခုကို upload တင်ထားလိုက်ပါတယ်။ 7 file ထိ ဖြတ်ညှပ် ကပ်လုပ်ပီးတော့ ပြန်ဆက်ခွင့်ပေးထားပါတယ် ။။

Read the rest of this entry »

 
Leave a comment

Posted by on July 2, 2011 in Browser, Knowleadge, Tip @ Trick